Mahasi Sayadaw

image_pdfimage_print
Mahasi Sayadaw
ဦးသောဘန

မဟာစည်ဆရာတော် ဦးသောဘန


ကျေးဇူးရှင် ​မဟာ​စည်​ဆရာတော် ဦး​သော​ဘ​န​ကို ရွှေဘို​မြို့၊ ဆိပ်​ခွန်​ရွာ​နေ ဦး​ကံထော်၊ ဒေါ်​ရွှေ​အုပ်​တို့​မှ မြန်မာ​သက္ကရာဇ်​၁​၂​၆​၆-ခု​နှစ်၊ ဒုတိယ​ဝါဆို​လ​ပြည့်ကျော် ၃-ရက်၊ (၂၉ ဇူလိုင် ၁၉၀၄) သောကြာနေ့ နံနက်​သုံး​နာရီ အချိန်​တွင် ဖွား​မြင်တော်​မူ​သည်။ ငယ်​နာမည်​မှာ မောင်​သွင်​ဖြစ်​သည်။

အသက်​ခြောက်​နှစ်​သား အရွယ်​တွင် ဆိပ်​ခွန်​ရွာ​ရှိ ပျဉ်းမ​နား​ကျောင်း ဘုန်းတော်​ကြီး ဦး​ပ​ရ​မ ထံ​၌ ပညာသင်​ကြား​ခဲ့​သည်။ အသက်(၁​၂)နှစ်​သား​အရွယ်​တွင် ၎င်း​ကျောင်း ဘုန်းတော်​ကြီး​ထံ​၌​ပင် ရှင်​သာမဏေ​ပြု​၍ ပိဋကတ်​အခြေ​ခံ​ပညာ​ရပ်​တို့​ကို သင်ကြား​သည်။ သာမဏေ​ဘွဲ့​မှာ အရှင်​သော​ဘ​န ဖြစ်​သည်။အသက် ၂​၀​အရွယ်​တွင် အင်ကြင်း​တော​ကျောင်းတိုက်​ရှိ ဗုဒ္ဓ​သိမ်တော်​၌ အရှင်​နိမ္မ​လ​မထေရ်​ကို ဥပဇ္ဈာယ်​ပြု​၍ မြင့်မြတ်​သော ရဟန်း​အဖြစ်​သို့ ရောက်တော်​မူ​သည်။ Read More

မဟာစည်ဆရာတော်ကြီး သည် ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်ပြီး ဝိပဿနာတရားကို သင်ကြားပြသရာတွင် ထင်ရှားခဲ့သော ဆရာတော်ကြီး ဖြစ်သည်။

ဆရာတော်ကြီး သည် သာသနာတော် သန့်ရှင်းပြန့်ပွားရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယအဖြစ် ဆောင်ရွက်တော်မူ ပြီး သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တော်မူခဲ့သည်။ ကမ္ဘာအနှံ့ သတိပဋ္ဌာန်ဝိပဿနာ ပဋိပတ္တိ သာသနာပြု မထေရ်မြတ်ဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင် သောဘနမထေရ်မြတ်သည် သက်တော်(၇၈)နှစ်၊ သိက္ခာတော် (၅၈)ဝါအရ (၁၄ ဩဂုတ်လ ၁၉၈၂)ခုနှစ်တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ စံလွန်တော်မူခဲ့ပါသည်။


wikipedia.org မှ ကိုး​ကား​တင်ပြ​ပါ​သည်။

Read More မြန်မာ | English