Mingun Sayadaw

image_pdfimage_print
Mingun_Sayadaw
ဦးဝိစိတ်တသာ​ရာ​ဘိ​ဝံ​သ

ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ (မင်းကွန်း တိပိဋကဓရဆရာတော်ဘုရားကြီး)


ဆရာတော်​ကြီး​ကို မြန်မာ​သက္ကရာဇ် ၁​၂​၇​၃၊ တန်ဆောင်မုန်း​လဆန်း ၁​၁-ရက်​နေ့ ခရစ်သက္ကရာဇ် နို​၀င်​ဘာ​လ ၁​ရက် ၁​၉​၁​၁ ခု​နှစ်​တွင် မန္တလေးတိုင်း၊ မြင်း​ခြံ​မြို့​နယ်၊ကျည်​ပင်​ရွာ​၌ ရွာသူကြီး ဦး​ဆုံ၊ ဒေါ်​ဆင်​တို့​မှ ဖွားမြင်​ခဲ့​ပါ​သည်။ ငယ်​နာမည် မောင်​ခင်​ဖြစ်​သည်။ မောင်​ခင် ၄ နှစ်​သား​အရွယ်​တွင် ဖ​ခင်​ဖြစ်​သူ ဦး​ဆုံ ကွယ်​လွန်​ခဲ့​သည်။ ၅ နှစ်​သား​အရွယ်​မှ​စတင်​၍ အခြေ​ခံ ဗုဒ္ဓ​ဘာသာ စာပေ​များ​ကို ရွာ​ဦး​ဘုန်းကြီး​ကျောင်း​တွင် စတင်​သင်​ယူ​လေ့​လာ​ခဲ့​သည်။ မန္တလေးမြို့​၌ ထင်ရှား​သော နန်း​ဦး ဘုန်းကြီး​ကျောင်း​မှ ဆရာတော် ဦး​သာ​သ​နာ့ မှာ မောင်​ခင်​၏ လက်ဦး​ဆရာ​ဖြစ်​သည်။ အဘိုး​ဖြစ်​သူ ဦး​ချိုင် မှ​လည်း ဗုဒ္ဓ​ဘာသာ​နှင့်​ပက်​သက်​သော ရှိခိုး​ခြင်း၊ ဆုတောင်း​ခြင်း၊ ဟောပြော​ချက်​များ​ကို သင်ကြား​ပေး​ခဲ့​သည်။ အသက် ၇ နှစ်​အရွယ်​တွင် မြင်း​ခြံ မင်း​ကျောင်းတိုက် ဆရာတော် ဦး​သော​ဘိ​တ ထံ​၌ သာမဏေ ဝတ်​ခဲ့​ပြီး ထို​အသက်အရွယ်​မှ စတင်​၍ မှတ်ဉာဏ်​စွမ်း​ရည်​ထက်​မြတ်​မှု လက္ခဏာ​များ ပြ​လေ​တော့​သည်။ သူ​သည် ဝတ္ထု ၊ မဂ္ဂဇင်း၊ ဂျာနယ် အစ​ရှိ​သည်​များ​ကို​ပင် ထို​အရွယ်​ကတည်းက ဖတ်​နေ​ပြီ​ဖြစ်​သည်။ ဆရာတော် ဦး​သော​ဘိ​တ​သည် မောင်​ခင်​အား ပါဠိ​တွင် ထူးချွန်​ပြောင်​မြောက်​သော အဓိပ္ပါယ်​ဖြစ်​သည့် ရှင်​ဝိ​စိတ္တ​သာ​ရ ဘွဲ့တော်​ကို မှည့်ခေါ်​ပေး​ခဲ့​သည်။ မိ​ခင် ဒေါ်​ဆင်​မှ​လည်း သံဃာ တစ်ပါး​ဖြစ်မြောက်​လာ​အောင် အထူ:ပင် ချီး​မြှောက်​ခဲ့​သည်။

ခရစ်သက္ကရာဇ် ၁​၉​၃​၀ ခု​နှစ်​တွင် ရှင်​ဝိ​စိတ္တ​သာ​ရ သည် စစ်ကိုင်းတိုင်း မင်း​ကွန်း​မြို့​နယ်​ရှိ ဓမ္ဓ​နန္ဒ ကျောင်း​သို့ ပြောင်းရွှေ့​ကာ ဆက်လက်​သင်​ယူခဲ့​သည်။ ထို​အချိန်​မှ​စ​၍ ပျံ​လွန်တော်​မူ​သည်​အထိ မင်း​ကွန်း​တွင်​သာ အခြေ​ပြု​နေထိုင်​ခဲ့​သ​ဖြင့် မင်း​ကွန်း​ဆရာတော်​ကြီး​ဟု လူ​သိ​များ​ခဲ့​ခြင်း​ဖြစ်​သည်။

http://wikipedia.org မှ ကိုး​ကား​တင်ပြ​ပါ​သည်။

Read More မြန်မာ | English