image_print

ကျေးဇူးစကားမှာတမ်းဆိုမည် သာသနာ့ဂုဏ်ရည်

သာသနာ့ဂုဏ်ရည်ကျောင်းတော်ကြီး၏ (နဝမအကြိမ်) စုပေါင်း ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတော် ကြီးကို ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်၊ တနင်္ဂနွေနေ့တွင် သာသနာ့ဂုဏ်ရည်ကျောင်းတော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

စုပေါင်း ကထိန်သင်္ကန်း ကပ်လှူပွဲတွင် ပွဲတော်ကျင်းပရာ ကျောင်းတော်ကြီးသို့ ကိုယ်တိုင်လာရောက် ပါဝင် တက်ရောက်ကြသူများ၊ ကိုယ်တိုင်လာရောက်နိုင်သော်လည်း အဝေးမှနေ၍ မိမိတို့တတ်အားသ၍ ကထိန်သင်္ကန်းများ လှူဒါန်းဖွယ်ရာ နဝကမ္မ ပဒေသာပင်များကို Check, Zelle များဖြင့်ပေးပို့လှူဒါန်းကြသူ များ၊ ကထိန်ပွဲ-ပင့်သံဃာတော်များနှင့် ပွဲတော်သို့ လာရောက်ကြသည့်အလှူရှင်များ၊ နဝကမ္မလှူဒါန်းကြသူ များ၊ ဘုရားပန်းများ လှူဒါန်းသူ၊ ပန်းထိုးအလှဆင်သူ၊ ကထိန်ခမ်းနား ပြင်ဆင်သူများ၊ ဆွမ်း၊ ဆွမ်းဟင်းများ နှင့်တကွ အာဟာရဒါန အလှူရှင်များ၊ ကထိန်ပွဲတော်သုံး ပစ္စည်း လှူဒါန်းသူများ၊ ကျောင်း ဘဏ္ဍာငွေ ရှာဖွေ ရာ အလှူခံဌာန ဆောင်ရွက်သူများ၊ ဝေယျာဝစ္စပြုပြုသူများနှင့် ယဉ်ကျေးလိမ္မာကလေးငယ်များနှင့် ဆရာ၊ ဆရာမများအား ကျေးဇူး အထူး ဥပကာရတင်ရှိပါသည်။

အတူးအားဖြင့် ပွဲတော်ကျင်းပရာ ကျောင်းတော် ကြီးသို့ ဆန်ဖရန် ဗေးဧရိယာမှနေ၍ တကူးတက အချိန်ပေးကာ လာရောက်အားပေးတက်ရောက်ကြသည် ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးစကားဆိုပါသည်။

ပါရမီဖြည့်ဖက် ဓမ္မမိတ်ဆွေများအနေဖြင့် (နဝမအကြိမ်) စုပေါင်း ကထိန်သင်္ကန်း လှူဒါန်းကြသည့်ပွဲတော် မှာ တစ်စုံတစ်ရာ ဟာကွက်ကွက် လစ်လပ်ကွက်များ ရှိကောင်းရှိခဲ့ပါမူ တစ်ဦးနဲ့တစ်ဦး ကြည်း၊ မေတ္တာ မျှဝေကာဖြင့် နာသည်သာသည် စိတ်မရည်ဘဲ ရွှင်ကြည်မျက်နှာ ပွင့်လင်းထင်သာစွာဖြင့် သူတော်စင်တို့၏ မြင်ကွင်းပသာဒမှာ လှပသေသပ်စွာ “ကုသိုလ်ရှင် မော်ကွန်းတစ်ခု” ထိုးနိုင်ထင်နိုင်ကြ ပြီ-ဟု အစဉ်ထာဝရ ဝမ်းမြောက်နေပါကြောင်းနှင့် အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ အထူး တင်ရှိပါကြောင်း ကျေးဇူးစာ မှာတမ်းလွှာဆိုလိုက်ရပါသည်။

အလှူရှင်များအားလုံး ဘေးရန်ကင်းကွာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေ။


ဆရာတော်များနှင့်ကျောင်းဝေယျာဝစ္စအဖွဲ့၊ သာသနာ့ဂုဏ်ရည်ကျောင်း၊ စက်ကရာမင်တိုမြို့၊ ကာလီဖိုးနီးယားပြည်နယ်၊ အမေရိကန်နိုင်ငံ။