image_print

သြကာသ၊  သြကာသ၊  သြကာသ၊  ကာယကံ၊ ဝစီကံ မနောကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှု မင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာ၊ တရားရတနာသံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါး (ဆရာသမား) တို့ကို အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။

(ဆုပေးမည့် ပုဂ္ဂိုလ်ရှိလျှင် ဤမှာ ရပ်ပါ၊  ဆုပေးမည့် ပုဂ္ဂိုလ်မရှိလျှင် အောက်ပါဆုတောင်းကို ဆက်ဆို ဆုတောင်းပါ)

ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အပါယ်(၄)-ပါး၊ ကပ်(၃)-ပါး၊ ရပ်ပြစ်(၈)-ပါး၊ ရန်သူမျိုး(၅)-ပါး၊ ဝိပတ္တိတရား(၄)-ပါး၊ ဗျဿနတရား (၅)-ပါး၊ အနာမျိုး (၉၆)-ပါး၊ မိစ္ဆာဒိဌိ (၆၂)-ပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍  မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို လျှင်မြန်စွာ ရပါလို၏ အရှင်ဘုရား။